Wibiya Widget

Sunday, May 22, 2011

Gmail Account လုံခြုံရေး အဆင့်မြင့်နည်းလမ်း 5 သွယ်

လုံခြုံမှုအဆင့် မြင့်မားတဲ့ စကားဝှက်တွေကို အသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့ တကိုယ်ရေ အချက်အလက်များကို အကာအကွယ်ပေးရာမှာ အထောက်အကူပြုသည့်
နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်းနဲ့ ရွေးချယ်နိုင်တဲ့ နည်းလမ်းများကို သိရှိခဲ့ကြပြီးပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့  Gmail account တွေကို ပိုမိုလုံခြုံစေဖို့ အတွက် လုပ်စရာတွေ ကျန်နေပါသေးတယ်။

1. ပြန်ထွက်ရန် မမေ့ပါနှင့် - Remember to Sign out

Gmail ကို အသုံးပြုပြီးသည့် အခါတိုင်း ပြန်ထွက် (Sign out) ရန် အထူးဂရုစိုက်ပါ။ ညာဘက် အပေါ်ထောင့်ရှိ "Sign out" ကို နှိပ်လိုက်ရုံပါ။ တကယ်လို့ အများသုံး ကွန်ပျူတာ သို့မဟုတ် အင်တာနက်ကဖေးမှ ကွန်ပျူတာကို အသုံးပြုနေတာဆိုရင် နောက်ထပ်လုပ်စရာတွေ
ကျန်ပါသေးတယ်။ သုံးနေတဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Cache ကို
ရှင်းလင်းခြင်း၊ (Internet Explorer မှာဆိုရင် Clear All History)၊ Cookie
များကို ရှင်းလင်းခြင်း စတဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ
အခု ကိုယ်သုံးနေတဲ့ကွန်ပျူတာကို နောက်မှာ ဆက်သုံးတဲ့သူတွေ အနေက
ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို ခြေရမခံနိုင်မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့
သုံးနေတဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲကို လုံးဝ ပိတ်လိုက်ပါ။
Clearing Recent History in Firefox
ကိုယ့်ရဲ့ ကိုယ်ပိုင်ကွန်ပျူတာနဲ့ အလုပ်လုပ်နေတာ ဆိုရင်တော့ ခဏတဖြုတ် အဝေးကို ထွက်သွားတဲ့အခါမျိုးတွေမှာ “စကားဝှက်ခံထားတဲ့ Screen Saver” (Password protected Screen Saver) တစ်ခုနဲ့ ကွန်ပျူတာကို “သော့ခတ်” (Lock) ထားခဲ့တာ အကောင်းဆုံးပါပဲ။
Microsoft Windows, Apple, Linux စတဲ့ ဘယ်လို ကွန်ပျူတာစနစ်မျိုးကိုပဲ
သုံးနေပါစေ ကျွန်တော်တို့သုံးနေတဲ့ ကွန်ပျူတာ ဖန်သားပြင် (Computer
Screen) ကို ခိုးကြောင်ခိုးဝှက် ကြည့်တတ်တဲ့ (ကြည့်ချင်တဲ့) သူတွေရဲ့
မျက်လုံးတွေ အောက်ကနေ ဘယ်လို ကာကွယ်မလဲ ဆိုတာကို ကောင်းကောင်း လေ့လာ
အသုံးချသင့်ပါတယ်။

တကယ်လို့များ Sign Out လုပ်ဖို့ မေ့နေခဲ့တယ်ဆိုရင်တော့ နောက်ထပ် အခြားကွန်ပျူတာ တစ်လုံးကနေ Gmail ကို
ပြန်ဖွင့်ပါ။ ပြီးတော့ Gmail ရဲ့ Remote Sign Out feature ကို သုံးပြီး အခြားနေရာတစ်ခုမှာ ပွင့်ကောင်း ပွင့်နေနိုင်တဲ့ သင့် Gmail account အသုံးပြုမှု (Sessions) တွေကို ပိတ်ပစ်လိုက်ပါ။


2. အရေးကြီးတဲ့ အကြောင်းအရာတွေကို အီးမေးပို့မယ်ဆိုရင် - Be Careful when you send Sensitive Information

သင့်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အီးမေးလ်ကနေ ပို့တော့မယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်။ သင်ပို့လိုက်တဲ့ အီးမေးလ်တစ်စောင်မှာပါတဲ့ အကြောင်းအရာတွေဟာ ပို့လိုက်ပြီးပြီ ဆိုတာနဲ့ သင်ထိန်းချုပ်လို့
မရတော့ပါဘူး။ ပြောပြီးသွားတဲ့ စကားတစ်ခွန်းအတွက် “ကြမ်းကျွံရင် နှုတ်လို့ရ၊ စကားကျွံရင် နှုတ်လို့မရ” ဆိုတဲ့ စကားပုံလိုပါပဲ။ ၂၁ ရာစုမှာတော့

  • “အီးမေးလ်ပို့ပြီးရင် အဲဒီ အီးမေးလ်ကို သင်ထိန်းချုပ်လို့ မရတော့ပါဘူး”
  • သင့်အီးမေးလ်ကို လက်ခံရတဲ့သူတွေက အဲဒီအီးမေးလ်မှာ ပါတဲ့ အကြောင်းအရာတွေကို ဘယ်လိုလုပ်မလဲ၊ ဘာတွေလုပ်မလဲ ဆိုတာကို သင်မသိနိုင်၊ မထိန်းချုပ်နိုင်တော့ပါဘူး။
  • သင့်အီးမေးလ်တွေကို
    • နောက်ထပ် အခြားသူတွေဆီကို ဆက်လက်ပေးပို့ ဖြန့်ဝေတာ (Forwarding Emails)၊
    • ဒါမှမဟုတ် လူအများအသုံးပြုတဲ့ နေရာ (Public place) တွေဖြစ်တဲ့ အွန်လိုင်း ဖိုရမ် (Online forums) တွေ၊ ဘလော့ခ် (Blogs) တွေမှာ ရေးတင်တာတွေ လုပ်လို့ ရသွားပါပြီ။
တကယ်လို့ သင်အီးမေးလ်ပို့ထားတဲ့ သူတွေက သင်အရမ်းကို ယုံကြည်ရ၊ စိတ်ချရတဲ့သူတွေ ဖြစ်နေမယ် ဆိုရင်တောင်မှ -
  • အဲဒီသူတွေရဲ့ Email Account တွေ အခိုးခံရတဲ့ အခါမျိုး၊ ဒါမှမဟုတ်
  • သူတို့ ကွန်ပျူတာတွေကို ဗိုင်းရပ်စ် (Computer Virus) ထိသွားတဲ့ အခါမျိုးတွေမှာ - သင့်ရဲ့ လျှို့ဝှက်ထားရမယ့် အကြောင်းအရာတွေ ပေါက်ကြားသွားနိုင်ပါတယ်။ အင်တာနက်မှာ အဲဒီလို ပြဿနာတွေ အများကြီးရှိနေတာကို မြင်ဖူး၊ ကြားဖူးကြပါမှာ။
အဲဒီအတွက်ကြောင့်

  • Credit Card နံပါတ်တွေ၊ ဘဏ်စာရင်း နံပါတ်တွေကို အီးမေးလ်ကနေ ဘယ်တော့မှ မပို့သင့်ပါဘူး။
  • တိုက်ရိုက် တယ်လီဖုန်းနဲ့ ဆက်ပြီးပို့တဲ့နည်းလမ်း၊ ဒါမှမဟုတ် လူခြင်းတွေ့ပြီး ပြောတဲ့နည်းလမ်း တွေကိုပဲ သုံးသင့်ပါတယ်။
Google Chrome clear browsing data

နောက်ထပ် အရေးအကြီးဆုံး အချက်တစ်ခုကတော့ -
  • သင့်ရဲ့ စကားဝှက်တွေကို ဘယ်တော့မှ သူများကို မပေးပါနဲ့။
  • ယခုအချိန်မှာ အရင်းနှီးဆုံးဆိုတဲ့သူတောင် အကြောင်းအမျိုးမျိုးကြောင့် အမုန်းဆုံးသူတွေ ချက်ချင်း ဖြစ်သွားနိုင်တာမို့ ကိုယ့်စကားဝှက်ကို ဘယ်သူ့မှ မပေးတာ အကောင်းဆုံးပါ။
  • ကိုယ်ကလည်း သူများဆီက စကားဝှက်ကို မတောင်းမိဖို့ အရေးကြီးပါတယ်။
  • Google ကလည်း သင့်ဆီကနေ - သင့်ရဲ့ စကားဝှက် (Password)၊
  • သင့်ရဲ့ Social Security Number နဲ့
  • အခြားသော တကိုယ်ရေ အချက်အလက် (Personal Information) တွေကို ဘယ်တော့မှ - တောင်းမှာ မဟုတ်ပါဘူး။
  • အဲဒီအတွက်ကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေကို အီးမေးလ်ကနေ ဘယ်တော့မှ မပို့တာ အကောင်းဆုံးပါပဲ။

                                               အဲဒီပိုစ်လေးကို့ ကျွန်တော့်သူငယ်ချင်းတွေကိုသိစေချင်လို့ ကော်ပီကူးပြီး တင်ပြလိုက်တာပါ

No comments:

Post a Comment

ကျေးဇူးတင်ပါတယ် နောက်ဖတ်ရှုနိုင်ပါတယ် အခုလိုလာလည်လို့ ကျွန်တော့
ပျော်ပါတယ် သူငယ်ချင်းတို့လဲ ပျော်နိုင်ကြပါစေနော်

ရှာရန်

Web ဒီဆိုဒ်မှာ ရှာရန်(punk)
Web Browser Logo Browser Name And Download Platform
Acoo Browser Logo Acoo Browser Site. Acoo Browser.
win icon
windows 7